Breaking News

စက်မှုအင်ဂျင်နီယာဌာန

အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၊စက်မှုအင်ဂျင်နီယာဌာနမှာ လက်ရှိ ဆရာ၊ ဆရာမဦးရေ စုစုပေါင်း(၇)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျှက်ရှိပါတယ်။ လက်တွေ့ကိုအဓိကထားပြီး သင်ကြား ပေးရသည့် သက်မွေးပညာကျောင်းဖြစ်သည်နှင့်အညီ စာတွေ့(၄၀)% နှင့် လက်တွေ့(၆၀)% အတိုင်း သင်ကြား ပေးလျှက်ရှိပါတယ်။ ပုံမှန်သင်တန်းများဖြစ်သော A.G.T.I (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယ)နှစ် သင်တန်းများ မှာ စာသင်နှစ်တစ်နှစ်တွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၁၀)ဝန်းကျင်ခန့်အား သင်ကြားပေးလျှက်ရှိပါတယ်။ ဒါအပြင် သက်မွေးပညာရပ်များကို စိတ်ပါဝင်စားသည့် လူငယ်၊လူရွယ်များအား ကာလတိုသက်မွေးပညာသင် တန်းများဖြစ်သော အခြေခံဂဟေဆက်သင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ ကို ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိပါသည်။

          သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးကိရိယာများကိုလည်း ဦးစီးဌာနမှ နှစ်စဉ်ဖြည့်ဆည်းပေးလျှက်ရှိသဖြင့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းသား၊သင်တန်းသူများကို လက်တွေ့သင်ကြားပေးရာ၌ ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးနိုင်ပါသည်။ AGTI သင်တန်း တတိယနှစ် တက်ရောက်သည့်ကျောင်းသား၊ကျောင်းသူများကို ပြင်ပလက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်အလို့ငှာ on job training အား သတ်မှတ်ကာလ(၃)လအထိ ကွင်းဆင်းလေ့လာစေခြင်းဖြင့် ကျောင်းမှသင်ကြားပေးသည့် စာတွေ့လက်တွေ့ပညာရပ်များနှင့် ပြင်ပလုပ်ငန်းခွင်လက်တွေ့လုပ်ကိုင်နေမှုများ ဆက်စပ်သိရှိနိုင်စေရန် ဆောင် ရွက်ပေးလျှက်ရှိပါသည်။

          အချုပ်အားဖြင့်ဆိုရသော် ပုံမှန်သင်တန်းများတွင် တက်ရောက်လျှက်ရှိသော ကျောင်းသူ၊ ကျောင်းသား များကိုလည်းကောင်း၊ ကာလတိုသင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများကိုဖြစ်စေ ၎င်း တို့လိုအလားသည့် သက်မွေးပညာရပ်များကို လက်တွေ့အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ကြားပေးလျှက်ရှိ ပါသည်။

စက်မှုအင်ဂျင်နီယာဌာနရှိ ဆရာဆရာမများစာရင်း

စဉ် အမည် ရာထူး
ဦးကျော်လွင် တွဲဖက်ပါမောက္ခ
ဦးမြင့်မော်ဦး တွဲဖက်ပါမောက္ခ
ဒေါ်အေးမြတ်မွန် ကထိက
​ဒေါ်အေးနှင်းအောင် နည်းပြ
ဦးအောင်ကိုမင်း ဓါတ်ခွဲကျွမ်းကျင်-၃
ဦးစိုးဝေယံသန့် ဓါတ်ခွဲကျွမ်းကျင်-၄
ဦးအောင်ညီညီ ဓါတ်ခွဲကျွမ်းကျင်-၅