
အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကွင်းအ မှတ် (၃၆၇၇) ရွှေကြီးကွင်းနှင့် (၃၆၈၀) တင်ဝင်းကွင်းအတွင်းတွင်တည်ရှိပါသည်။ ပင်မကျောင်းဧရိယာမှာ အရှေ့၊ အနောက်( ၂၂၀၀)ပေ၊ တောင်၊ မြောက် ( ၂၀၀၀) ပေပတ်လည်ဧရိယာ (၁၀၀) ဧကကျယ်ဝန်းပါသည်။ ဝန်ထမ်းအိမ်ယာမှာ (၁၅၀၀) ပေပတ်လည်ရှိပြီးဧရိယာ(၅၀)ဧက ကျယ်ဝန်းပါသည်။ (၅.၁၁.၂၀၀၈)ရက်နေ့တွင် အေးမြစိုးဖောင်ဒေးရှင်းမှ စတင်တည်ဆောက်လှူဒါန်းခဲ့ပြီး (၅.၁၂.၂၀၁၁)ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ပါသည်။
(၁) နည်းပညာနှင့် သက်မွေးပညာဘာသာရပ်များအား သင်ယူလိုသူတိုင်း သင်ယူနိုင်မည့်အခွင့် အလမ်းရရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်။ Expanding Excess
(၂) နည်းပညာနှင့်သက်မွေးပညာနှင့် လေ့ကျင့်ရေးအရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် လုပ်ငန်းလိုအပ်ချက် နှင့် ကိုက်ညီစေရန်ဆောင်ရွက်ခြင်း။ Quality TVET
(၃) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း။ Quality Management
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်၏လူမှုစီးပွားရေး ဘဝဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အပံ့ ပြုရန်အတွက် ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာရပ်များ ဖန်တီးပေး၍ စာတွေ့လက်တွေ့ကျွမ်းကျင်တက်မြောက်ပြီး အရည်အချင်း ပြည့်သော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များအား စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးရန်။