Breaking News

မြို့ပြအင်ဂျင်နီယာဌာန

အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၊ မြို့ပြအင်ဂျင်နီယာဌာနမှာ လက်ရှိ ဆရာ၊ ဆရာမဦးရေ စုစုပေါင်း (၈)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျှက်ရှိပါတယ်။ လက်တွေ့ကိုအဓိကထားပြီး သင်ကြား ပေးရသည့် သက်မွေးပညာကျောင်းဖြစ်သည်နှင့်အညီ စာတွေ့(၄၀)% နှင့် လက်တွေ့(၆၀)% အတိုင်း သင်ကြား ပေးလျှက်ရှိပါတယ်။ ပုံမှန်သင်တန်းများဖြစ်သော A.G.T.I (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယ)နှစ် သင်တန်းများ မှာ စာသင်နှစ်တစ်နှစ်တွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၂၀)ဝန်းကျင်ခန့်အား သင်ကြားပေးလျှက်ရှိပါတယ်။ ဒါအပြင် သက်မွေးပညာရပ်များကို စိတ်ပါဝင်စားသည့် လူငယ်၊လူရွယ်များအား ကာလတိုသက်မွေးပညာသင် တန်းများဖြစ်သော အခြေခံပန်းရံ၊အုတ်စီသင်တန်း၊ အခြေခံသံချည်သံကွေးသင်တန်းများ ကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျှက်ရှိပါသည်။

            သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးကိရိယာများကိုလည်း ဦးစီးဌာနမှ နှစ်စဉ်ဖြည့်ဆည်းပေးလျှက်ရှိသဖြင့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းသား၊သင်တန်းသူများကို လက်တွေ့သင်ကြားပေးရာ၌ ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးနိုင်ပါသည်။ AGTI သင်တန်း တတိယနှစ် တက်ရောက်သည့်ကျောင်းသား၊ကျောင်းသူများကို ပြင်ပလက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်အလို့ငှာ on job training အား သတ်မှတ်ကာလ(၃)လအထိ ကွင်းဆင်းလေ့လာစေခြင်းဖြင့် ကျောင်းမှသင်ကြားပေးသည့် စာတွေ့လက်တွေ့ပညာရပ်များနှင့် ပြင်ပလုပ်ငန်းခွင်လက်တွေ့လုပ်ကိုင်နေမှုများ ဆက်စပ်သိရှိနိုင်စေရန် ဆောင် ရွက်ပေးလျှက်ရှိပါသည်။

            အချုပ်အားဖြင့်ဆိုရသော် ပုံမှန်သင်တန်းများတွင် တက်ရောက်လျှက်ရှိသော ကျောင်းသူ၊ ကျောင်းသား များကိုလည်းကောင်း၊ ကာလတိုသင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများကိုဖြစ်စေ ၎င်း တို့လိုလားသည့် သက်မွေးပညာရပ်များကို လက်တွေ့အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ကြားပေးလျှက်ရှိ ပါသည်။

မြို့ပြအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စဉ်အမည်ရာထူး
ဒေါ်လှိုင်ဝင်းဝါနွဲ့လက်ထောက်ကထိက
ဒေါ်ယုဇင်ဌေးလက်ထောက်ကထိက
ဦးတင်လင်းအောင်နည်းပြ
ဒေါ်စောပြည့်လင်းနည်းပြ
ဦးစိုးရွှေနည်းပြ
ဒေါ်ခဲခဲမာနည်းပြ
ဦးကျော်နိုင်ထွန်းဓါတ်ခွဲကျွမ်းကျင်-၂
ဒေါ်လဲ့လဲ့နိုင်ဓါတ်ခွဲကျွမ်းကျင်-၃
ဦးသီဟဓါတ်ခွဲကျွမ်းကျင်-၄
၁၀ဒေါ်နီလာထွန်းဓါတ်ခွဲကျွမ်းကျင်-၄
၁၁ဦးမြင့်ဇော်ဝင်းဓါတ်ခွဲကျွမ်းကျင်-၅